Main menu

ကံမမြို့၌ ဖူးစားပြောင်းဈေးကျဆင်း

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊       မြို့မဈေးသို့ မြို့ပတ်ဝန်းကျင်ရှိ ကျွန်းကလေး၊ ထုံးကြီး၊ သစ်မယ်ဇီ၊ တောင်တီး၊ ရေနံသာ စသည့်ကျေးရွာများမှ ထွက်ရှိသည့် သကြားပြောင်းနှင့် ပြောင်းစီး(အဖြူ)များသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှ စတင်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။  

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် သကြားပြောင်း(အကြီး၊ အသေးအလိုက်) (၁)ဖူး လျှင် ကျပ်(၃၅၀-၄၀၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၄၅၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြောင်း ဖူးများ စတင်ပေါ်စအချိန် ဇွန်လ(တတိယပတ်)တွင် သကြားပြောင်း(၁)ဖူးလျှင် ကျပ်(၅၀၀)၊ ပြောင်း စီး (၁)ဖူးလျှင် ကျပ်(၆၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်း(၁)ဖူးလျှင် ကျပ်(၅၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၁၅၀)ဈေးကျဆင်းလာကြောင်း သိရသည်။ ယခုအချိန် တွင် ကျေးရွာများရှိ ပြောင်းဖူးစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)