
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီတစ်ပိဿာလျှင် (၂၇၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်းစသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ဝယ်ယူစားသုံး သူများပြီး အရောင်းအဝယ်သွက်နေကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)