Main menu

ကန့်ဘလူမြို့တွင် အဝင်နည်း၍ အရောင်းသွက်သည့် ဒူးရင်းသီး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ သရက်သီးနှင့် ဒူးရင်းသီးများ ရောင်းချလျက်ရှိရာ ဒေသထွက်သစ်သီးများ ရောင်းချသလို မြစ်ကြီးနားမြိုနှင့် မန္တလေးမြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ သစ်သီးဆိုင်များ တွင်ရောင်းချနေသော ဒူးရင်းသီးဈေးနှုန်းမှာ ဒူးရင်းသီး  အကြီးတစ်လုံးလျှင်(၆၅၀၀၀)ကျပ်၊  ဒူးရင်းသီး အလတ် တစ်လုံးလျှင် (၄၅၀၀၀)ကျပ်နှင့် ဒူးရင်းသီး အလုံးသေးတစ်လုံးလျှင် (၃၀၀၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒူးရင်းသီးသည် အခြားဒေသမှ ဝယ်ယူရောင်းချရသည့်အတွက် အဝင်နည်းကာ ကြိုက်နှစ်သက်သူများ၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။       

DOCA(စစ်ကိုင်း)