Main menu

မြန်အောင်မြို့ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့နယ် တာဝန်ခံသည် (၁၅.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ကယေကယာနှင့် ပေါက်ပေါက်ဆုပ်လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကိုဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Informatio and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)