
မိုးရာသီကာလများတွင် မန်ကျည်းသီးအကင်းများ စတင်ထွက်ရှိလာနေပြီး ဖြစ်ပါသည်။ မန်ကျည်းပင်သည် မုန်သုတ်ရာသီတွင်ပေါက်မြောက်သောအပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အလွန်ပေါများသည့်အတွက် လူတိုင်းမြင်ဖူးကြပါသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို အထက်အညာဒေသတွင် မန်ကျည်းပင်ကို အကြီးအကျယ် စိုက်ပျိုး ကြသည်။ လယ်ကွင်းများ၊ ခြံများ၊ ဥယျာဉ်များ၊ ကျွဲနွားစားကျက်များ၌ စိုက်ပျိုးကြပါသည်။
အလွန်းကြီးခဲသော အပင်မျိုးဖြစ်ပြီး အစေ့မှအလွယ်တကူပေါက်ရောက်နိုင်သော အပင်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်းပင်သည် တစ်ပင်လုံးအသုံးဝင်သောအပင်ဟုဆိုနိုင်သလို၊ အသီးသည်လည်း ဟင်းချက်ရာတွင် အလွန်အသုံးဝင်ပြီး၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း၊ အလှကုန်များ ဖော်စပ်ရာတွင်လည်း အသုံးဝင်သောပါသည်။
ယခုအချိန် ဈေးကွက်အနေဖြင့် ပုသိမ်မြို့အနီးအနားမှ ထွက်ရှိသော မန်ကျည်းသီးအကင်းများကို ရောင်းချနေပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေးနှုန်းမှာ တစ်ပိဿာကို (၁၇၀ဝိ/-)နှုန်း ရောင်းချကြပြီး၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ဆယ်သားကို (၂ဝ၀ဝိ/-)နှုန်းဖြင့် ရောင်းချနေကြပါသည်။
DOCA(ဧရာဝတီ)