Main menu

ဈေးနှုန်းကျဆင်းလျက်ရှိသော ခရမ်းချဉ်သီး

Powered by Drupal

    ကျွန်းလှမြို့နယ်ရှိ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ဇူလိုင်လ ဒုတိယပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချလျက် ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဇူလိုင်လ တတိယပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၄၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၅၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက်  ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)