
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံပင် များကို မိမိတို့ နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးကြသည့်အပြင် ခရမ်းသီးပင်ကိုလည်း စိုက်ပျိုးပါကြောင်း စိုက်ပျိုးပြီး ရရှိလားအသီးများကို ရှားပါးသော ရာသီတွင် ရောင်းချရန်အတွက်အသီးမျိုးစုံကို အခြောက်လှမ်းထားပြီး ဈေးများရှိရာသို့ လာရောက် ရောင်းချကြောင်း သိရသည်။
ခရမ်းသီးခြောက်ကို မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများဖြစ်သည့် ရှမ်းစုကျေးရွာ ပေးကုန်ကျေးရွာတို့မှ လာရောက်ရောင်းချပါကြောင်း၊ ခရမ်းသီးခြောက်အပြင် ရာသီအလိုက် သီးနှံများဖြစ်သည့် ဇီးဖြူသီးခြောက်၊ ဘူးသီးခြောက်၊ ကြောင်လျှာသီးခြောက်တို့ကိုပါ အခြောက် လှမ်းထားပြီး ရောင်းချလျက်ရှိပါကြောင်း၊ ခရမ်းသီးခြောက်ကို ပိန္နဲသီးပြုတ်၊ ဆူပုတ်ရွက် တို့ဖြင့် ရောနှောချက်စားခြင်း၊ မျှစ်သို့၊ မျှစ်ခြောက်တို့ဖြင့် ရောနှောချက်စားခြင်း၊ အသီးခြောက် အမျိုးမျိုးတို့ဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်းသီးခြောက် လက္ကား(၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းသီးခြောက် လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်း သီးခြောက်(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီးခြောက် (၂၅)ကျပ်သား လျှင် (၁၀၀၀)ကျပ်နှင့် ခရမ်းသီးခြောက် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)