
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုတ်အပြင် နနွင်းပင်များကိုလည်း စိုက်ပျိုးကြပါသည်။
နနွင်းပင်များကို တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြ၍ နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင်လည် သီးညှပ်စိုက်ပျိုးပါကြောင်း နနွင်းသည် ဈေးကွက်ဝင် အပင် တစ်မျိုးဖြစ်သည့်အပြင် နနွင်းတက်အပေါ်မီ နနွင်းဖူးများကိုလည်း ခူးဆွတ်ရောင်းချလျက်ရှိပါကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက်ဈေးနှုန်း တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် နနွင်းတက် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ နနွင်းမှုန့်အစစ်ဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀) ကျပ်နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)