
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခင် ဇူလိုင်လ ပထမပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် နေသော မျှစ်စိမ်း ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ လက်လီ တစ် ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင်(၂၀၀၀) ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀ )ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် မျှစ်ပြုတ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခု ဇူလိုင်လ တတိယပတ်တွင် မျှစ်စိမ်း ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၄၅၀၀) ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှင့် လက်လီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်ထက် မျှစ်ဈေးနှုန်း ဆက်လက်ကျဆင်း လာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)