
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြရာမှ ရာသီအလိုက် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချ လျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ မြင်းခွာရွက်(၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ မြင်းခွာရွက်(၅)ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူထံမှ သိရသည်။
DOCA(စစ်ကိုင်း)