
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ ဘုရားကလေးကွင်း ကျေးရွာရှိ “အောင်ချမ်းသာ” ဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဆန်စက်ထုတ်လုပ်မှုနှင့် ပက်သက်၍ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ် ပြည့်မီမှန်ကန်မှုရှိ/ မရှိ၊ ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေ၊ ခေတ်မီစက်ကိရိယာများ၊ အခြောက်ခံစက်တပ်ဆင်ထားရှိမှုနှင့် တံဆိပ်အမှတ် အသားဖော်ပြထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်စက်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားနိုင်ရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)