Main menu

အင်္ဂပူမြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမ၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၆)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်း ဆည်းမှုအညွှန်း၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)