
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန် ဈေးစည်ပင် သာယာရေးအဖွဲ့နှင့်အတူ ဆန်လက်လီရောင်းချနေသော ရွှေဆန်လွင် (ဆန်ရောင်းဝယ်ရေး)ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ဧည့်မထ၊ ဇီယာ၊ မနောသုခ၊ ရက်(၉၀)၊ ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းစသည့်ဆန်များ၏ (၁)ပြည် ဈေးနှုန်းနှင့် (၁) အိတ်ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရပြီး ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန် အလို့ငှာ ဆန်များသိုလှောင်ထား ခြင်းမပြုရန်၊ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေ အရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA (ရန်ကုန်)