စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူး ဈေးနှုန်းများအနေဖြင့် ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၂၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၄၀၀)ကျပ်၊ ၁ပိဿာ လျှင် (၄၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ အားလူဈေးနှုန်းများအနေဖြင့် အလုံးလှ ( ၂၅) ကျပ်သား လျှင် ( ၁၃၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၆၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)