Main menu

ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ၂၁.၇.၂၀၂၅ ရကနေ့ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအတွင်းရှိ City Care ဆေးဆိုင်တွင် ဆရာဝန်ညွှန်ကြားရန်မလိုဘဲ သောက်သုံးနိုင်သော ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ၂၁.၇.၂၀၂၅ ရကနေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာ အတွင်းရှိ City Care ဆေးဆိုင်တွင် အနောက်ပိုင်းခရိုင်မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း(၃) ဦးတို့ သည် ENERVON C(လန်းဆန်းတက်ကြွစေရန်အထောက်အကူပြုဆေး)၊Decolgen (အအေးမိတုပ် ကွေးဖျားနာခြင်းသက်သာစေသောဆေးပြား)၊LEN SAN (နှာစေး၊ အအေးမိခေါင်းကိုက်ပျောက်ဆေး)၊ Kremil-S (အစာအိတ်ဝေဒနာသက်သာစေသောဆေးပြား)၊ FLUZA (တုပ်ကွေးဖျားနာပျောက်ဆေး)၊ Royal D (ဓါတ်ဆားထုပ်) နှင့် Oramin G အစရှိသော အားဆေးများအား ကုန်အညွှန်းအမှတ်အသား များပါဝင်မှုရှိ/မရှိ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်ပါဝင်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)