
ပြင်ဦးလွင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် မန္တလေးမှတင်ပို့သယ်ယူရောင်းချ နေသော မြို့မစျေးအတွင်းရှိ ရတနာရွှေမိုး ဆန်ဆိုင်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ဖြင့် ဇူလိုင်လ(၁၆)ရက်နေ့၊နေ့လည်(၁၃း၀၀)နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ အဖွဲ့အနေဖြင့် မန္တလေးမှပြင်ဦးလွင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှု ၊ ပြန်လည် ရောင်းချမှု၊ရောင်းချရာတွင် နိုင်ငံတော်မှသတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး သတ်မှတ်စျေးနှုန်းကို ဗီနိုင်းပြုလုပ်၍ အများထင်သာမြင်သာရှိသည့် နေရာများတွင် ချိတ်ဆွဲရောင်းချနိုင်ရေး၊ဆန်သိုလှောင်ရောင်းချရာတွင်လည်းဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း မျိုးမရှိစေရေး ဆန်သိုလှောင်ရောင်းချပါက ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRO)တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနနှင့်ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)