Main menu

ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်း စာရေး)    နှင့်  ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် ၊ တာမွေမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူး ပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိ ရာ (၂၁.၇.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ် (၁၅) ရှိ ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်း အသိပညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည်      ရက်(၉၀) ၊‌ပေါ်ဆန်းမွှေး (ဟောင်း) ၊ ဇီယာ ၊အညာသား(ရှယ်)၊ရွှေဘိုကျားပျံ ၊ ဆင်းသွယ် (ဟောင်း)၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး ၊၎င်းဆန်ဈေးနှုန်းမှာ သတ်မှတ်ရည် ညွှန်းဈေးအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ နှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားချက် ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ် တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာ ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)