
မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ဒေသမျိုးဖြစ်သည့် မန္တလေးရင်ကွဲ၊ မချစ်စုသရက်နှင့် သကြားသီး(ခေါ်)ထန်းကုန်းသရက်မျိုးများ စိုက်ပျိုးကြသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေ သော သရက်သီးဈေးနှုန်းများမှာ ပတ္တမြားငမောက်သရက် အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အသေး(၁)လုံး လျှင်(၅၀၀)ကျပ်၊ R2E2သရက် အကြီး(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ မန္တလေးရင်ကွဲ(၁) လုံးလျှင် (၅၀၀)ကျပ်နှင့် သကြားသရက်(၁)လုံးလျှင် (၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်အတွင်း သရက်သီးများ အဝင်နည်းလာ၍ ဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်လာကြောင်း သစ်သီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)