
(၂၁-၇-၂၀၂၅) ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ် ရေးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး ဗိုလ်မင်းရောင်ဈေး (၄၂)ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်ရှိ ဆန်လက်လီ၊လက်ကားရောင်းချသည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို စစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)က ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန် အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ၊ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)