Main menu

“ ကော့မှူးမြို့နယ်ကျိုက်ထော်(မ)ကျေးရွာတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

Powered by Drupal

    စားသုံးသူပြည်သူများ အနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံး သူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျိုက်ထော်(မ)ကျေးရွာ၌ ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ အသိပညာပေး ဟောပြောခဲ့ရာတွင် ကော့မှူးမြို့နယ် ကျိုက်ထော်(မြောက်)ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာန တာဝန်ခံ ဦးတင်မင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေကို (၂၀၁၉)ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြည် ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)အရ အတည်ပြုပြဌာန်းလိုက်ကြောင်း ၎င်းဥပဒေပါ စားသုံး သူကာကွယ်ရေး အဓိပ္ပါယ်အနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့ အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုခြင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်ဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူ ရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း တာဝန်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာအချက် ပုဒ်မခွဲများအရ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)