
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများနှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ အသေး(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် ဘဲဥ(၁)လုံးလျှင်(၆၅၀)ကျပ်နှင့် ငုံးဥ(၁)လုံးလျှင်(၁၀၀)ကျပ် ငုံးဥ (၁၀)လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)