Main menu

မြိတ်မြို့ပေါ်တွင် အုန်းသီးများထဲမှ ရိုးရာဆွဲအုန်းသီးများ ပိုမိုဈေးကောင်းရရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အုန်းပင်များစိုက်ပျိုးလျက်ရှိပြီး ကျန်းမာရေး အတွက်အကျိုးပြုသည့်အတွက် ဝယ်ယူသောက်သုံးမှုများလာခဲ့ပြီးး အသုံးဝင်မှုများလည်း ကျယ် ပြန့်လာသည်နှင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့ ပေါ်တွင် အုန်းသီးများမှာ ရိုးရာအုန်းဆွဲသီး၊ အုန်းသီးခြောက်များနှင့် အုန်းသီးနုများကို များစွာ ရောင်းချကြကြောင်း သိရှိရပါသည်။ အုန်းသီးများမှာ ဒေသတွင်းစားသုံးသူများသောကြောင့် စျေး ကွက်ချဲ့ထွင်သူများလည်း အလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ ယခုဝါတွင်းကာ လတွင် ရိုးရာအုန်းဆွဲသီးများ အလွန်ပင်ရောင်းကောင်းကြောင်း သိရပါသည်။ မြိတ်မြို့ပေါ်တွင် အုန်းသီးနုများကောက်များသောကြောင့် ဆွဲအုန်းသီးများရှားပါး၍ ဝါတွင်းကာလတွင် ဈေးကောင်း ရရှိကြောင်းသိရှိရပါသည်။ ယခု၂၀၂၅ခုနှစ်ဇူလိုင်လစတုတ္ထပတ်တွင် ရိုးရာအုန်းဆွဲသီးတစ်လုံးလျှင် (၈၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိရှိကြောင်း ဆွဲအုန်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)