
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် စိုက်ပျိုးထုတ် လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝငှက်စွပ်မှိုများနှင့် ဒေါင်းမှိုများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် ငှက်စွပ်မှိုတစ်ပိဿာလျှင် (၂၀၀၀၀မှ ၂၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဒေါင်းမှို(၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀) ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)