Main menu

အမေရိကန်၏အခွန်နှုန်းသစ်ထက် ဈေးကွက်စိန်ခေါ်မှုများအပေါ် ထိုင်းဆန်တင်ပို့သူများ ပိုမိုစိုးရိမ်

Powered by Drupal

      ထိုင်းဆန်တင်ပို့သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ကောက်ခံမည့် အမေရိကန်အခွန်နှုန်းထားအသစ် ၁၉ ရာခိုင်နှုန်း၏ သွင်းကုန်ပစ္စည်းများအပေါ် လက်ငင်းသက် ရောက်နိုင်မှုကို လျှော့တွက်ထားကြသည်။

    ထိုင်းဆန်တင်ပို့သူများသည် အဆိုပါအမေရိကန်အကောက်ခွန်နှုန်းထားအသစ်ကို လိုက်နာ ရမည်ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ကမ္ဘာ့စျေးကွက် အခြေအနေများကို ပိုမိုပြီးစိုးရိမ်နေကြ ကြောင်း၊ အထူးသဖြင့် ဆန်ဖြူရောင်းလိုအား ပိုလျှံမှုနှင့် ဂျပန်နိုင်ငံ၏ ဆန်တင်သွင်းရန် အရေးပေးမှု များ အမေရိကန်ဘက်သို့ ပြောင်းလဲဦးတည်နိုင်မည့်အခြေအနေတို့ ပါဝင်နေကြောင်း သိရှိရသည်။

   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများအပေါ် ၁၉% အကောက်ခွန်စည်းကြပ်ရန် အမိန့်ကြော်ငြာစာအား လက်မှတ် ရေးထိုးခဲ့ပြီး ယခင်အဆိုပြုထားသည့် ၃၆% မှ လျှော့ချထားခြင်းဖြစ်သည်။

     ဆန်သည် ထိုင်းနိုင်ငံမှ အမေရိကန်သို့တင်ပို့သည့် အရေးပါသော လယ်ယာထွက်ကုန်အမယ် တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသည် လက်ရှိအမေရိကန်စျေးကွက်တွင် အထူးသဖြင့် အရည်အသွေးမြင့် ထိုင်းစပယ်ဆန် တင်ပို့မှုဖြင့် ဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

    ထိုင်းဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Charoen Laothamatas က အခွန် ၁၉% သည် ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော အခွန် ၂၀% ပေးဆောင်ရမည့် ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံအတွက် သိသိသာသာ နစ်နာစေမည်မဟုတ်ကြောင်း “Thansettakij” သတင်းဌာနသို့ ပြောကြားခဲ့သည်။ အကောက်ခွန်နှုန်းထားအသစ်သည် အထူးသဖြင့် ထိုင်းစပယ်ဆန်နှင့် ဈေးနှုန်း နီးစပ်သည့် ST21 ကဲ့သို့သော ဗီယက်နမ်ဆန်အမျိုးအစားများနှင့် ယှဉ်ပြိုင်ရာတွင် ထိုင်းစပယ်ဆန်၏ ဈေးကွက်ဝေစု ကျဆင်းမည်ကို နှေးကွေးစေရုံသာရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

   သို့သော်လည်း အနာဂတ်တွင် ဗီယက်နမ်နိုင်ငံက ဆန်ထုတ်လုပ်မှုကို ဆယ်ဆတိုးနိုင်ပြီး ဈေးနှုန်းပိုမိုချိုသာအောင် ဆောင်ရွက်နိုင်ပါက ထိုင်းနိုင်ငံသည် ဈေးကွက်ဝေစု ပိုမိုဆုံးရှုံးရမည်ဖြစ် ကြောင်း၊ ဆန်ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချခြင်းသည် အမြဲ‌ကောင်းမွန်နေခြင်းမဟုတ်ကြောင်း၊ ဈေးနှုန်းမြင့်၍ ပြိုင်ဘက်မရှိပါက ပြဿနာမရှိသော်လည်း ဈေးနှုန်းမြင့်မားနေသည့်အချိန်တွင် ပြိုင် ဘက်များ ရောက်ရှိလာပါက ၎င်းတို့အတွက် ဈေးကွက်ဝေစုလုယူရန် အခွင့်အရေးဖန်တီးပေး သကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်ဈေးတက်နေသည့်အချိန်တွင် ကျေနပ်နေရုံဖြင့် မပြီးပဲ သင့်တင့်သည့် ဈေးနှုန်းဖြင့် ပမာဏများများ ရောင်းနိုင်ခြင်းက ပို၍ ကောင်းမွန်ပါကြောင်း Mr. Charoen က ပြောကြားခဲ့သည်။

     ဂျပန်ဈေးကွက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသည် နှစ်စဉ် ဆန်ကွဲပါဝင်မှု ၅% ရှိသောဆန်ဖြူ တန်ချိန် ၃၀၀,၀၀၀ ခန့် တင်ပို့လျက်ရှိရာတွင် ဂျပန်နိုင်ငံက အဆိုပါသတ်မှတ်ပမာဏကို အမေရိကန်သို့ ပြန်လည်ခွဲဝေပေးနိုင်ခြေရှိမှုအပေါ် စိုးရိမ်မှုများရှိနေသည်။ ဖြစ်နိုင်ခြေရှိသော ယင်း ပြောင်းလဲမှု၏ အတိုင်းအတာကို အနီးကပ် စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပြီး ဂျပန်သို့ ထိုင်းစပယ် ဆန်တင်ပို့မှုမှာ လက်ရှိကာလ၌ အနည်းငယ်သာရှိပြီး အဓိကအားဖြင့် စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

   အမေရိကန်မှ နိုင်ငံတစ်ခုချင်းစီအတွက် သတ်မှတ်ထားသော အကောက်ခွန်နှုန်းထားများ သည် စီးပွားရေးလုပ်ငန်းများအနေဖြင့် ရောင်းချလိုပါက လက်ခံရမည့်စည်းမျဉ်းများ အနက်မှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Mr. Charoen က ပြောကြားခဲ့ပြီး အနာဂတ်တွင် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေး၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်း ကျဆင်းလာနိုင်မည်ဟု ၎င်း အနေဖြင့် ခန့်မှန်းထားကြောင်း သိရှိရသည်။

Source: The Nation Thailand, 1 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)