
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ မုန်ညှင်းထုပ်၊ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို ကန့်ဘလူမြို့မဈေး တွင်ရောင်းချလျက်ရှိပါသည်။ မုန်ညှင်းထုပ်၊ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော မုန်ညှင်းထုပ်ဈေးနှုန်းမှာ မုန်ညှင်းထုပ်(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ မုန်ညှင်းထုပ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ မုန်ညှင်း ထုပ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် ဘိုစားပဲသီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဘိုစားပဲသီး (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဘိုစားပဲသီး(၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) (၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ (တရုတ်) (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)