Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ခရမ်းကြွပ်သီးဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့်  ရာသီစာသီးနှံ များနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

      ယခုအခါ ထားဝယ်မြို့ပေါ် ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ်သီးများကို ကမ်းနာဈေးနှင့်ရပ်ကွက်ဈေးငယ်များတွင် ရောင်းချ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်းကြွပ်သီး (၁)ဗူးလျှင်  (၁၀၀၀)ကျပ် ရရှိကြောင်း၊ ခရမ်းကြွပ်သီးကို ငပိရည်နဲ့ တွဲဖက်၍အတို့ အမြှုပ်အဖြစ် စားသုံးကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)