
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအများအပြား ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီး သည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးသည့်အတွက် လူကြိုက်များသည့် အသီး တစ်မျိုး ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံး ကြီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)