Main menu

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ မျှစ် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

   မျှစ်သည် စားစရာအဖြစ် အသုံးဝင်ရုံမျှမက နှီးဖျာ အဖြစ်ယက်လုပ်နိုင်ပြီး  အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာနှင့် ဝါးတိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်း များအတွက် အသုံးဝင် လှပါသည်။ မျှစ်ကို ပြုတ်ပြီး ငပိရည်နဲ့တို့စားတာ၊ ကြော်စားတာ၊ သုပ်စားတာအပြင် အသားတစ်မျိုး မျိုးနဲ့ကြော်စားတာ၊ မျှစ်ချဉ်နဲ့ဝက်သား သို့မဟုတ် ငါးခေါင်းနဲ့ ဟင်းချိုချက်သောက်တာ၊ မျှစ်ကို အခြောက်လှမ်းပြီး သုပ်စားတာစသဖြင့် စုံလင်စွာ လုပ်စားနိုင်ပါသည်။

  မိုးဦးကာလ မျှစ်စတင်ချိုးရသည့်အချိန်ဖြစ်၍ မျှစ်အစိမ်း တစ်တုလျှင် အကြီးအသေးအပေါ် မူတည်၍ (၁၀၀၀-၂၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး မျှစ်ပြုတ်တစ်တုလျှင် အကြီးအသေးအပေါ်မူ တည်၍ (၁၀၀၀-၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)