Main menu

ပခုက္ကူမြို့၌ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန် မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့သည် (၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်(၁၅)ခု၌ စားအုန်း ဆီများ ရောင်းချပေးလျက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ၊  အလေးချိန် အချင် အတွယ်ပြည့်မီခြင်း ရှိ/မရှိ ကွင်းဆင်းကြပ်မတ်ခဲ့ကြောင်း သိရသည်။

          ပခုက္ကူခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်(၁၅)ခု အတွင်းနေထိုင်သော ပြည်သူများအား စားအုန်းဆီများကို  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေ ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဗီနိုင်းချိတ်ဆွဲ၍ ရပ်ကွက်များအတွင်း၌ တစ်ပိဿာလျှင် ကျပ်(၇၂၀ဝ)ဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆီ()ပိဿာနှုန်း ရောင်းချကြောင်း၊ မြို့နယ်ဒေသ အာဏာပိုင်အစိုးရအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ကြီးကြပ်မှုနှင့်အတူ ရောင်းချကြောင်း သိရ သည်။

       စားသုံးသူပြည်သူများမှ ယခုလို လာရောက်ရောင်းချပေးခြင်းဖြင့် စားအုန်းဆီများ ဈေးနှုန်း ကြီးမြှင့်စွာ မဝယ်ရသည့်အတွက် အဆင်ပြေကြောင်း၊ ရပ်ကွက်အတွင်းသို့  လာရောက်ရောင်းချ ပေးသည့် ပခုက္ကူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီခွဲတမ်းများ ရရှိအောင် ဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ကြောင်း သိရှိရပါသည်။

DOCA(မကွေး)