Main menu

ပခုက္ကူမန်ကျည်းသီးမှည့်ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် မန်ကျည်းသီးများ ဈေးမြင့်တက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၄၀၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၀၀၀၀)ဖြစ်ပြီး ယခင်ဇူလိုင်လ(ပထမပတ်)နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ် ကြောင်း ဈေးကွက်မှ သိရသည်။

            မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမား များမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင် ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန် မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)