
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး မြို့နယ်အလိုက်သောက်ရေသန့်လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ်အတွင်း ရွှေလီ ရတနာသောက်ရေသန့်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကွင်းဆင်းစစ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပိုင်လေးသောက်ရေသန့်စက်မှာ အိမ်သုံးရေသန့်စက်ငယ်သာ ဖြစ်ပြီး အိမ်သုံးမိသားစုအတွက်သာ ထုတ်လုပ်၍ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှုမရှိကြောင်းနှင့် ရွှေလီရတနာသောက်ရေသန့်လုပ်ငန်းမှာ တပ်ဆင်ထားသည်မှာ နှစ်လခန့်သာရှိပြီး၊ FDA ထောက်ခံ ချက် ရရှိရေးဆောင်ရွက်ဆဲဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)