
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဩဇာသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ သင်္ဘောသီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့် ဖရဲသီးများကို မိမိတို့ ဒေသထွက် နှင့် မန္တလေးမြို့၊ လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၃၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)