မိတ္ထီလာမြို့မဈေးအတွင်း ဇူလိုင်လစတုတ္ထပတ်၌ ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် (၆၂၅၀) ကျပ်၊ ဧည်မထ တစ်ပြည် လျှင်(၃၃၅၀) ကျပ်၊ ငစိန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၃၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင်(၅၅၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ငရုတ်ရှည်တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငရုတ်ပုတစ် ပိဿာလျှင်(၁၈၀၀၀)၊ ငါးတံခွန်ခြောက် တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၄၀၀) ကျပ် ၊ ဘဲဥတစ်လုံးလျှင်(၅၀၀)ကျပ် ဟူ၍ အသီးသီးရောင်းချလျက်ရှိပါသည်။
အခြေခံစားကုန်ဖြစ်သော အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၆၅၀၀) ကျပ်၊ ဒေသ ကြက်တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ကြက်သွန်နီ၊ ကြက်ဥ၊ ဘဲဥနှင့် ပဲဆီဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဈေးကွက် မှသိရပါသည်။
DOCA(မန္တလေး)