Main menu

ရွှေဘိုမြို့တွင် ရောင်းချသည့် ကြက်ဥ၊ ငုံးဥဈေးနှုန်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ရောင်းချသည့် ကြက်ဥ၊ ငုံးဥများကို ယခင်က ဒေသတွင်းအပြင် ကန့်ဘလူခရိုင် ဇီးကုန်းမြို့နှင့် မန္တလေးမြို့တို့မှ သယ်ယူရောင်းချကြသော်လည်း ယခုအချိန်တွင် ဒေသတွင်း ဥစားကြက်များ မွေးမြူနိုင်ခြင်းမရှိသည့်အပြင် ကန့်ဘလူခရိုင် ဇီးကုန်းမြို့မှလည်း ဝင်ရောက်မှုမရှိသဖြင့် မန္တလေးမြို့မှ အဓိကမှာယူရောင်းချကြပါသည်။ ရွှေဘိုမြို့၌ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် ကြက်ဥဈေးနှုန်းများမှာ အရွယ်အစား အကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၄၃ဝိ/-)ကျပ်၊ (၄၅ဝိ/-) ကျပ်၊ (၅၀ဝိ/-)ကျပ်နှင့် (၅၅ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငုံးဥ(၂၅)လုံးလျှင်(၂၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ တစ်ခါတစ်ရံတွင် ရွှေဘို၊ မန္တလေးကားလမ်းပိတ်ခြင်းများရှိသဖြင့် လမ်းခရီတွင် အချိန်ကြန့်ကြာမှုရှိ၍ ကြက်ဥ၊ ငုံးဥ ပုတ်ခြင်းများရှိကြောင်း၊ ကြက်ဥ၊ ငုံးဥများမှာ ဒေသတွင်းစားသုံးမှုများသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)