Main menu

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် မူးငါးဈေးနှုန်းများ

Powered by Drupal

      ရွှေဘိုမြို့ရှိ ဈေးများတွင် အသားငါးများကိုရောင်းချလျက်ရှိရာ မြစ်၊ ချောင်း၊အင်းအိုင်၊ မူးများမှ ရရှိသည့် မူးငါးများကိုလည်း ရောင်းချလျက်ရှိပါသည်။ မူးငါးများမှာ ငါးစဉ်းရိုင်း၊ ငါးဗျက်၊ ငါးမှုံတုံ၊ ပုဇွန်စိတ်နှင့်ဆလားဗီးယားများဖြစ်ကြောင်း၊ ငါးစဉ်းရိုင်းဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀ဝိ/-) ကျပ်၊ ငါးဗျက်နှင့်ငါးမှုံတုံဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၄၀ဝဝိ/-)ကျပ်၊ ပုဇွန်စိတ်ဈေး နှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀ဝိ/-)ကျပ်၊ ဆလားဗီးယားဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးရောင်းချသည့် ဈေးသည်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)