Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  တီလားဗီးယားငါး ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်တွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး (၅၀)ကျပ် သားလျှင် (၈၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း တီလားဗီးယားငါးကို အကင် ဆိုင်များ၊ စားသောက်ဆိုင်များ၊ အာပူလျှာပူဆိုင်နှင့် မုန့်ဟင်းခါးဆိုင်များမှ အများဆုံး ဝယ်ယူ အသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ါသည်။

DOCA(စစ်ကိုင်း)