Main menu

ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်သည်။

    ဂျပန်ပျားလိမ္မော်သီးသည် လိမ္မော်သီးမျိုးစိတ်ဖြစ်ပြီး လိမ္မော်သီးနှင့်မတူဘဲ အရသာ အနည်းငယ်ကွဲပြားသည်။ အရသာမှာ လိမ္မော်သီးနှင့်မတူဘဲ အချဉ်ဓါတ်အနည်းငယ်ပါဝင်သည်။

    ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ဂျပန်ပျားလိမ္မော်သီးရောင်းချသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)