
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်အတွင်း ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။ ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်း သိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။
ယခုဇူလိုင်လအတွင်း ဝင်ရောက်လာသည့်ဖရဲသီးစျေးမှာ တစ်လုံးလျှင် အလုံးကြီး ၇၀၀၀ ကျပ်၊ အလုံးလတ် ၅၀၀၀ ကျပ်နှင့် အလုံးသေး ၃၀၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)