
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အောင်းစု၊ ပိန္နဲပင်၊ ရွာသာ၊ ပင်ညွှန့်၊ ရေပြား၊ ညောင်နီပင်၊ ချိုင်း၊ ငမင်၊ ကျောက္ကာ စသည့်ရွာများတွင် ဝါသီးနှံကို အဓိကစိုက်ပျိုးလျက် ရှိရာ ချိုင်းကျေးရွာရှိ တောင်သူ(၃၇)ဦး မှ စိုက်ဧက (၁၀၀)ခန့်ကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)မှ စတင်စိုက်ပျိုးကြောင်း သိရသည်။
အာမို၊ ရွှေတောင်-၁၀၊ ရာကာ စသည့် မျိုးစေ့များကို အများဆုံး စိုက်ပျိုးကြောင်း၊ ဝါမျိုးစေ့များကို တောင်တွင်းကြီးမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များမှ (၁)ထုပ်လျှင် ကျပ်(၆၅၀၀၀)ဖြင့် ဝယ်ယူပြီး (၁)ဧကလျှင် အမွှေးချွတ်မျိုးစေ့ (၄၅၀ဂရမ်)(၁)ထုပ် ကုန်ကျကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ ဆေးဖိုး၊ အလုပ်သမားခများအပါအဝင် ယခုနှစ်တွင်လည်း ယခင် နှစ်နည်းတူ (၁)ဧကလျှင် စုစုပေါင်း ကျပ်(၇)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင် နှစ်တွင် (၁)ဧကလျှင် (၄၅၀မှ၆၀၀) ပိဿာ ထွက်ရှိပြီး ဝါ (၁)ပိဿာ လျှင် ကျပ်(၄၀၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရ၍ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် (၁၁သိန်းမှ ၁၇သိန်း)ခန့်အကျိုးအမြတ်ရရှိခဲ့ သောကြောင့် ယခုနှစ်တွင် တောင်သူများမှာ ဝါသီးနှံစိုက်ပျိုးခြင်းကိုတိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရသည်။
DOCA(မကွေး)