Main menu

မကွေးမြို့၊ ကန်သာဈေး၌ အာလူးဈေးနှုန်းမြင့်တက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ အာလူးကို ဒေသထွက် အာလူးများအပြင် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် အာလူး()ပိဿာလျှင် (အလုံးအကြီး၊ အသေး အလိုက်) ကျပ်(၃၅၀၀-၄၀၀၀)ဖြင့် ရောင်းချခဲ့ပြီး (တတိယပတ်)တွင် အာလူး() ပိဿာလျှင် (အလုံးအကြီး၊ အသေးအလိုက်) ကျပ်(၄၀၀၀-၄၈၀၀) ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ် ပါက ယခုတစ်ပတ်တွင် ()ပိဿာလျှင် ကျပ်(၅၀၀-၈၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရ သည်။ ရှမ်းပြည်နယ်မှ အာလူး များသာဝင်ရောက်မှုများပြီး ဒေသတွင်း ထွက်ပေါ်ရာ ရာသီမဟုတ် ခြင်းနှင့်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)