
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးတို့ဦးဆောင်၍ တာဝန်ရှိဝန်ထမ်းများတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး သင်ကြားပို့ချပေးသော “စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း” အား (၇.၈.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
“စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း” တွင် ပထမဦးစွာ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်မှ ဝန်ထမ်းများဗဟုသုတ အသိပညာများရရှိစေရေး၊ စွမ်းဆောင်ရည်များမြှင့်တင်ရေး၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အထောက်အကူရရှိစေရေး တို့အတွက် အကျယ်တဝင့် အသေးစိတ်ဟောပြောပို့ချ သင်ကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းပို့ချပေးမှုအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ Inperson ဖြင့်(၂၅)ဦး၊ ခရိုင်/မြို့နယ်များမှ Onlineဖြင့် (၂၂)ဦး စုစုပေါင်းး (၄၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)