Main menu

တောင်ငူမြို့နယ်မှ ငွေတောင်မျှစ်ချဉ်လုပ်ငန်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်သည် ဝါးရုံ ဝါးတောပေါများသည့် ဒေသဖြစ်ရာ မျှစ်ဟုခေါ်သည့် ဝါးပင်ပေါက်ကလေးများ ပေါများစွာထွက်ရှိသည့် ဒေသဖြစ်ပါသည်။ တောင်ငူမြို့၏ အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်ဒေသနှင့် အရှေ့ဘက်ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ တောင်ပေါ်ဒေသများမှ ပေါက်ရောက်သော ဝါးပိုးဝါး၊ ကြက်သောင်းဝါး၊ ဝါးယောင်းဝါး၊ ထီးတန်းဝါး စသည်တို့မှ မျှစ်များစုံလင်စွာရရှိပါသည်။ ၎င်းတို့အနက် ဝါးပိုးဝါးမှ ဖြစ်သောမျှစ်ကို မျှစ်ချဉ်ပြုလုပ်၍ ရာသီမရွေး စားသုံးနိုင်ပါသည်။ မျှစ်ချဉ်ကို ဝါးပိုးဝါးတစ်မျိုးတည်းဖြင့်သာ ပြုလုပ်နိုင်ပါသည်။

      တောင်ငူမြို့နယ် သံတောင်လမ်း ၅ မိုင်ကျေးရွာရှိ ငွေတောင်မျှစ်ချဉ်လုပ်ငန်းသည် ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ်မှထွက်ရှိသည့် ဝါးပိုးမျှစ်များဖြင့် မျှစ်ချဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင် ရွက်လျှက်ရှိပါသည်။ ဝါးပိုးမျှစ်လတ်လတ်ဆတ်ဆတ်ကို မျှစ်ချဉ်ပြုလုပ်ရန်အတွက်အထိ အခွံနွှာ၍ ပါးပါးလှီးပြီး ရေသန့်ဖြင့် စိမ်ရပါသည်။ မျှစ်စိမ်ထားသောရေကို နှစ်ရက်လျှင်တစ်ကြိမ် အသစ် လဲလှယ်ပေးရပါသည်။ ရေသုံးကြိမ်လဲပြီးလျှင် ဆန်ကွဲ၊ ဆားတို့ဖြင့် မျှစ်ဖတ်များကိုနယ်ပေးရပါသည်။ ထို့နောက် မျှစ်ဖတ်များအား ကော်ပေပါ (သို့မဟုတ်စည်ပိုင်းသန့်သန့်တွင်သိပ်ပြီး ဖက်ဖြင့် လုံအောင်ဖုံးကာ အပေါ်မှ ဆားရည်လောင်းထည့်ပေးရပါသည်။နှစ်ပတ်ကြာလျှင် အသင့်စားသုံးနိုင်သည့် မျှစ်ချဉ်ကို ရရှိပါသည်။

        မျှစ်ချဉ်ကို (၂၅)ကျပ်သား အထုပ်၊ (၅၀)ကျပ်သားအထုပ်များ ထုပ်ပြီး ၂၅ ကျပ်သား တစ်ထုပ်လျှင် ၁၂၀၀ ကျပ်၊ ၅၀ ကျပ်သား တစ်ထုပ်လျှင် ၂၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျှက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ့မြို့များသို့ တင်ပို့ ရောင်းချရကြောင်း၊ တစ်နှစ်လျှင် မျှစ်ချဉ်ပိဿာ နှစ်သိန်းခွဲခန့် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)