
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၇/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာ ပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာ ပေး ဟောပြောဆွေးနွေးပွဲတွင် ဒု-ဉီးစီးမှူး ဒေါ်ပြည့်ဖြိုးဝေ က ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်း ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)