Main menu

ဂန္ဓမာပန်း နှင့် နှင်းဆီပန်း ဈေးကွက် အခြေအနေ

Powered by Drupal

  တောင်ငူမြို့သို့ ရှမ်းပြည်နယ်မှ သစ်သီးဝလံ နှင့် ပန်းများတင်ပို့ရောင်းချနေမှုတွင် ပန်း များမှာ ဒေသထွက် ပန်းများထက် အပွင့်လှသောကြောင့် ဈေးကွက် အတွင်း ရောင်းအားကောင်းလျှက်ရှိရာ ရှမ်းပြည်ဘက်မှ လာသော ဂန္ဓမာပန်းမှာ အပွင့် (၁၀) ပွင့် ပါ တစ်စီးကို ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ထိ ဈေးရပြီး၊ ဒေသထွက် ဂန္ဓမာပန်းမှာ အပွင့် သေးပြီး အပွင့် ၂၅ ပွင့် ၃၀ပွင့်လိုက်ပါပြီး အစုလိုက် ပန်းပွင့်သဖြင့် မိသားစု ဂန္ဓမာပန်းဟုခေါ်ပြီး ၁ စီး ကို ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိသာဈေးရှိပါသည်။  

    နှင်းဆီပန်းမှာတော့ ရောင်စုံရှိပြီး ရှမ်းပြည်ဘက်မှ နှင်းဆီပန်းမှာ (၁၀) ပွင့် ပါ တစ်စီး ကို ၄၅၀၀ ကျပ်မှ ၅၀၀၀ကျပ်ထိဈေးရှိပြီး ဒေသထွက် နှင်းဆီပန်းမှာ (၁၀) ပွင့် ပါ တစ်စီး ကို ၂၅၀၀ကျပ် မှ ၃၀၀၀ ကျပ်သာ ဈေးပေါက်ကြောင်း ပန်းများ ရောင်းချသည့် ပန်းဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)