
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း နှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ၆.၈.၂၀၂၅ ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း (မှိန်ကနိမ်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာမုဒုံမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အမှာ စကားပြောကြားပြီး မုဒုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန်နှင့်စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေး အတွက် စာပေများကို ဖတ်ရှုလေ့လာကြရန် ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၂၁) ဦး တက်ရောက်ခဲ့ပြီး စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ၊ စားသုံးသူအသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်း သား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
DOCA (မွန်)