
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး၊ စပါးစိုက်ဧက ၁၄၁၁၉၂ ဧကရှိသည်။ မအူပင်မြို့နယ်တွင် ဧည့်မထဆန်များမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တင်ပို့လျက်ရှိကြောင်း မအူပင်မြို့နယ်ရှိ ဆန်စက်ပိုင်ရှင်များထံမှ သိရပါသည်။ မအူပင်မြို့နယ်၏ စပါးဈေးကွက်မှာ မိုးစပါး ပေါ်ဆန်း ၅၀ပေါင် ကွင်းဈေး ၂၆၈၀၀ကျပ်၊ ဆန်(၁၀၈)ပေါင် ဈေးမှာ ၁၁၅၀၀၀ကျပ်၊ မိုးဆင်းသုခ (၅၀)ပေါင် စက်အရောက်စပါးဈေး ၁၆၀၀၀၊ ဆန်(၁၀၈)ပေါင် ထိပ်စ ၆၈၀၀၀ကျပ်၊ ဖွဲနုဈေး ၂၂၀၀၀ကျပ်၊ နွေ GW-11 (၅၀)ပေါင် စက်အရောက်ဈေး ၁၃၀၀၀ ကျပ်၊ ဆန်(၁၀၈)ပေါင်ဈေး ၆၁၀၀၀ကျပ်၊ ဆန်ကွဲ ၄၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်ဇွန်လ ဈေးဖြင့် နှိုင်းယှဉ်ပါက ဆန်ဈေး ၂၀၀၀ကျပ်၊ ဆန်ကွဲဈေး ၁၀၀၀ကျပ် ကျဆင်းလာကြောင်းဈေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)