Main menu

စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်းမှ စစ်ဆေးရေးမှူးဦးသိန်းမောင်ဦးဆောင် သောဝန်ထမ်းများသည် (၁၅.၈.၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းရှိ မုန့်မျိူးစုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၁၅)(ခ) စစ်‌ဆေးရးအရာရှိ၏ လုပ်ငန်း တာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသော ကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာ‌ဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ယင်းသို့စစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ် Yoyo Jelly တွင် ကုန်စည်၏အသားတင်ပမာဏ၊ထုတ် လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှု မရှိကြောင်း တွေ့ရှိရသဖြင့်၄င်း Jelly ရောင်းချမှုကို တားမြစ်ခဲ့ပြီး ပုဒ်မ(၅၂)အရ အရေးယူဆောင်ရွက်ရန် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)