
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၈.၂၀၂၅ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍အသိပညာပေးဆောင်ရွက် ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်နှင့်တာဝန်များ၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အစားအသောက်များကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှုရှိပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ကိုက်ညီမှုရှိမရှိအား စားသုံးသူရေးရာဦးစီးဌာနတွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုက်ညီကြောင်း ပြန်ကြားစာရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)