
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ၇.၈.၂၀၂၅ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မုဒုံမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က အမှာစကားပြော ကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းမင်းထွန်းက စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍမှ ကျေးလက်စီးပွားရေး တောင့်တင်းခိုင်မာလာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်းနှင့် လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း(၆)သင်းမှ အသင်းသားဦးရေ (၂၆၆) ဦး၏ စိုက်ဧက (၁၃၉၃) ဧကအတွက် အရင်းအတိုးငွေ စုစုပေါင်း ၂၅၄၁၁၂၀၀၀ ကျပ်ကို တာဝန်ရှိသူများက အသင်းများထံ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)