
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား "ဝန်ထမ်း စည်းကမ်းဆိုင်ရာပြစ်မှုပြစ်ဒဏ်များ" နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေါ်နော်ကြူကြူ (ဦးစီးမှူး)က ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာအခြေခံမူများ၊ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ဌာနဆိုင်ရာအရေးယူခြင်း၊ ရှေးဦးစုံစမ်းမှု၊ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ အားသာချက်၊ အားနည်းချက်များ သိရှိ လိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင်ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေလယ်(၁၄:၃၀)အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)